ရန်ကုန်သား


My favourite post(အရမ်းချစ်တဲ့ မိန်းမတစ်ယောက်(OR)မြန်မာပြည်)
February 4, 2009, 7:34 am
Filed under: Uncategorized

တကယ်တော့ မြန်မာပြည်ဆိုတာ

အရမ်းချစ်ပြီး ဘယ်လိုမှလက်ထပ်လို့မဖြစ်နိုင်တဲ့

မိန်းမတစ်ယောက်ပေါ့ …

ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ …

၂၁ ရာစုမှာ internet ကို

ဆန်တစ်ပြည်လောက်မှ တန်ဖိုးမထားတဲ့ မိန်းမ …

အမှောင်ထဲမှာပဲ ပျော်ပိုက်ပြီး

ညတွေမှာ မီးမလင်းနိုင်တဲ့ မိန်းမ …

ခဏခဏပြင်ပြီး အညာခံနေရတဲ့

နှစ်သုံးဆယ်စီမံကိန်းပညာလောက်ပဲတတ်တဲ့ မိန်းမ …

ပြည်ပလုပ်အလှပြင်ကိရိယာ ပြည်ပကနည်းပညာနဲ့

ကိုယ့်ကိုယ်ကို အလှဖန်တီးရှင်ပါလို့

စက်မူဇုန်ထဲကနေ ကြုံးဝါးနေတဲ့ မိန်းမ …

တတ်သမျှပညာတွေ ရှိသမျှလုပ်အားတွေနဲ့

ပြည့်ပြည့်ဝဝ လုပ်ကျွေးတာတောင်

လက်ဖက်ရည်ဖိုးလောက်ပဲ ပြန်ပေးချင်တဲ့ မိန်းမ …

သည်းခံယူပြီး ပြုပြင်ပေးချင်တာတောင်

အုပ်ထိန်းသူက လက်သင့်မခံတဲ့ မိန်းမ …

ယုတ်မာကောက်ကျစ်ပြီး အကြံပက်စက်လွန်းတဲ့

ပထွေးရဲ့တာဝန်ယူမူကို ခံထားရရှာတဲ့ မိန်းမ …

အုပ်ထိန်းသူတွေ ကိုယ်တိုင်က

ပြည့်တန်ဆာဇာတ်သွင်းခြင်းကို

မသိမသာ ခံနေရရှာတဲ့ မိန်းမ …

သားသမီးတွေကို နွေးနွေးထွေးထွေးချစ်တတ်ပေမယ့်

ပထွေးမျက်နှာကြည့်ပြီး အသက်ရှူနေရရှာတဲ့ မိန်းမ …

ဒီလိုမိန်းမမျိုးနဲ့ကျွန်တော်

ဘယ်လိုလက်ထပ်လို့ဖြစ်နိုင်ဦးမှာလဲဗျာ …

ဘယ်လိုပဲ ရည်းစားတွေထပ်ပြီးထားထား

သူ့ကိုတော့ တစ်နေ့မှမေ့မရနိုင်တာ အမှန်ပါပဲ …

တကယ်လို့များ …

သူ့ပထွေးကြီးမရှိတော့ဘူးဆိုရင် …

လက်ဖက်ရည်ဖိုးလောက်ပဲ ပေးပေး

ပြည့်တန်ဆာပဲဖြစ်နေပါစေ

အရာရာကိုပြုပြင် လက်ထပ်ချင်တဲ့ကောင်ပါ …

တကယ်တော့ …

ကျွန်တော့်ချစ်သူ မြန်မာပြည်ဟာ

စိတ်သောကတွေကြုံတိုင်းမှာ

အဖေကိုလွမ်းဆွတ် ငိုကြွေးတတ်တဲ့

အရမ်းလှပတဲ့ဗီဇတွေကို

ပထွေးက အနိုင်ကျင့် အစော်ကားခံလိုက်ရတဲ့

ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ …


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: